ချောက်မြို့တွင် ​ဆောင်းသီးနှံ​နေကြာစိုက်ပျိုးဧက ပြည့်မီ​ရေးတွန်းအား​ပေး​ဆောင်ရွက်

ချောက် အောက်တိုဘာ ၂၁

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ဆောင်းသီးနှံ​နေကြာစိုက်​ဧကပြည့်မီ​ရေးညှိနှိုင်း​​ဆွေး​နွေးပွဲကို ယမန်​နေ့နံနက်၁၀နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ​ချောက်မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစိုးလွင်က အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ပြည်သူများကျန်းမား​ရေး​ကောင်းမွန် သည့်စားသုံးဆီဖူလုံစွာရရှိ​စေ​ရေးအတွက် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနဦးစီးမှူး​ ဒေါ်​အေးမြင့်မြတ်သင်း က​​ဆောင်းနှံနေကြာစိုက်ပျိုးမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း​ပြောကြားခဲ့သည်။

အဆိုပါဆောင်းသီးနှံ​နေကြာကို အောက်တိုဘာလကစတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ​ချောက်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၂၂)စုတွင်​ ဆောင်းသီးနှံ​​နေကြာ (၁၇၅၉) ဧကစိုက်ပျိုးရန် လျာထား​ဆောင်ရွက်လျက်ရှိ​ရာ လျာထားဧက ပြည့်မီ​အောင်​ဆောင်ရွက်နိုင်​ရေး ရပ်ကွက်/​ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့် ညှိနှိုင်း​ဆွေး​နွေး​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)