မြဝတီ အောက်တိုဘာ ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွက် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီက စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။
မြဝတီမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း သက်ကြီးဘိုး၊ ဘွားပင်စင်စားများ၏ လစာငွေထုတ်ယူရာတွင် နေရာအခက်အခဲမဖြစ်စေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း လူစု၊ လူဝေး မဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များအတိုင်း စီစဉ်ဆောင်ရွက်ပေးထားပြီး အချိန်တိုအတွင်း ပင်စင်လစာငွေများကို အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို လစဉ် ၂၁ ရက်နေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးရာတွင်လည်း သတ်မှတ်ရက် ဘဏ်ဖွင့်ချိန်အတွင်း နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ထုတ်ပေးကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)