ကလိန်အောင် အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့ကကျောင်းသား/သူ လူငယ်လူရွယ်များအား ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရန်ဥပဒေနှင့် ပြစ်မှု/ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင် ကလေးများ အတွက်အကာအကွယ်ပေးထားသည့် ဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ အလုပ်ရုံးများ၌ ကလေးအလုပ်သမားများ၏ အလုပ်အချိန်သတ်မှတ်ထားမှုများ၊ ကလေးအလုပ် သမားများကို ဥပဒေမဲ့အလုပ်ခိုင်းစေခြင်းဖြင့် ချမှတ်နိုင်သည့် ဥပဒေများ၊ ကလေးအလုပ်သမား များသည် အလုပ်ခွင်၌ အချိန်ပြည့်နီးပါး အလုပ်လုပ်ကြရသဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနာကျင်မှု များ မလွဲမသွေခံစားကြရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်၍ ကာကွယ်ပေးထားသည့် ဥပဒေများရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ အထက-ကလိန်အောင်ကျောင်းမှ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)