လောင်းလုံး အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့တွင် မီးသတ်ဦးစီးဌာနမှ ကမြောကင်းကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မီးသတ်ဦးဌာနမှ မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦးနှင့် အဖွဲ့များက လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာရှိ မီး ဘေးစိုးရိမ်ရသောနေရာများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များအား မီးဘေးကြိုတင် ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်း၊ ဆီဘောက်ဆာယာဥ်မောင်းများအား ဆီဖြည့်ရာ၌ လိုက်နာရမည့်စည်းကမ်းချက်များကို မြို့နယ်မီးသတ်ဦးစီးမှူးမှ ရှင်းလင်းပြောကြားပေးခြင်းတို့အား ဆောင်ရွက်ခဲ့ခြင်း၊ မီးသတ်ဆေးဗူးများအား ရက်လွန်ခြင်း ရှိမရှိစစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)