ပိုင်ကျုံ အောက်တိုဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးအကြောင်း သိကောင်းစရာများကိုမိဘပြည်သူများ အသိပညာဗဟုသုတ ပိုမိုရရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှအငယ်တန်းစာရေး ဒေါ်အိသဲချိုက (Talk Show)ဆွေးနွေးပွဲဆောင် ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအကြောင်းနှင့်ပတ်သက်၍ အကြမ်းဖက်ခြင်း၏အဓိပ္ပါယ်၊ အကြမ်းဖက်ခြင်း၏ အမျိုးအစားများဖြစ်သည့် ကိုယ်ထိလက် ရောက်အကြမ်းဖက်ခြင်း၊ စိတ်ပိုင်ဆိုင်ရာအကြမ်းဖက်ခြင်း လိင်မှုဆိုင်ရာ အကြမ်းဖက်ခြင်း စီးပွား ရေးဆိုင်ရာအကြမ်းဖက်ခြင်း အန္တရာယ်ရှိသော မိရိုးဖလာအကြမ်းဖက်ခြင်းနှင့် အကြမ်းဖက်မှုကို ကြိုတင်ကာကွယ်တားဆီးခြင်းစသည့်အကြောင်းများကို ဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရေးအတွက် ပိုင်ကျုံမြို့ပြည်သူ့စာကြည့်တိုက် Pageတွင် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောပြခြင်း၊ စက္ကူခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်းများအပြင် ဗဟုသုတရရှိစေမည့် အသိပညာပေး(Talk Show)ဆွေး နွေးပွဲများကိုလည်း လစဉ်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နော်ခူး( ပြန်/ဆက် )