သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ တိုင်းရင်းဆေးပညာ အသိပညာပေးဟောပြောခြင်းကျင်းပ

သရက်ချောင်း အောက်တိုဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်၁၀နာရီခွဲအချိန်က တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ တိုင်ရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်း ဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ရွက်ဝါအောင်က တိုင်းရင်းဆေးပညာနှင့် ပတ်သက် သည့်အကြောင်းအရာများကို အကျယ်တဝင့်​​ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးခြင်းနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား​ပေးခြင်းများဆောင်ရွက်ပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ရွက်ဝါအောင်က ရာသီပေါ်တုပ်ကွေးရောဂါကာကွယ်ဆေးများကို အခမဲ့ပေးဝေခဲ့ကြောင်းသိရသည်။

နန်းခလိုက်(သရက်ချောင်း)