ရေဖြူမြို့နယ်တွင် ကျောင်းသူကျောင်းသားများ စာဖတ်ရှိန်မြင့်မားရန် အ-ထ-က ရေဖြူ ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

ရေဖြူ အောက်တိုဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အ-ထ-ကရေဖြူကျောင်းတွင် ကျောင်းသူကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားရေးအတွက် ရေဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှု နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး ခြင်းကို ယနေ့ နံနက်(၉)နာရီက အ-ထ-ကရေဖြူ ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အ-ထ-က‌  ရေဖြူကျောင်းမှ ကျောင်းသူကျောင်းသားများ ဖတ်ရှု လေ့လာနိုင်ရန် သုတရသ စာအုပ်စာစောင်တို့ကို စုံလင်စွာခင်းကျင်းပြသပေးပြီး အသိ ပညာတိုးပွားရေး စာပေများကို စုပေါင်းဖတ်ရှုကြစေကာ ၎င်းတို့ အချိန်ယူဖတ်ရှုလိုသည့် စာအုပ် စာစောင်များကို စနစ်တကျငှားရမ်းပေးခဲ့သည်။

အဆိုပါ နယ်လှည့်လုပ်ငန်းတွင် သုတ၊ ရသစာအုပ်တို့ကို ခင်းကျင်းပြသထားရာ အ-ထ-ကရေဖြူ ကျောင်းမှ ကျောင်သူ/ကျောင်းသားများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခတ္တာ