ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ လုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်   အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးလုပ်ငန်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား/သူများ လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေး က လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လူကုန်ကူးခံမှုအခြေအနေများ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးအကြောင်းအရာများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို ဟောပြော ခဲ့ပြီးနောက် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး အကြောင်းအရာများ ပါဝင်သော နံရံကပ် စာစောင်များကို ပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)