ပလောက် အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြည်သူများ စာပေဗဟုသုတ ကြွယ်ဝစေရေး၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုစေရေး၊ စာအုပ်စာပေများနှင့် ပိုမိုရင်းနှီး ကျွမ်းဝင်မှုရှိစေရေးအတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသစာအုပ်များ စုံလင်စွာသယ်ဆောင်၍ စာဖတ်ပရိသတ်များထံမှ ယခင်ငှားရမ်းထားသော စာအုပ်၊ စာစောင်များ အပ်နှံမှုကိုလက်ခံခြင်း၊ စာအုပ်/စာစောင် အသစ်များ ထပ်မံငှားရမ်း ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါစာအုပ်/ စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို လစဉ်နှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့် ရပ်ကွက်များသို့ လှည့်လည်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ချိုချိုဌေး (ပြန်/ဆက်)