သုံးခွ အောက်တိုဘာ ၂၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ညောင်လေးပင်ကျေးရွာ အ.မ.က ကျောင်းတွင် ယနေ့နံနက် ၉နာရီက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာထွန်းက ကျောင်းသား/သူလေးများအား ကျောင်းစာအပြင် ဗဟုသုတရဖွယ်ရာစာအုပ် စာပေများကိုလေ့လာဖတ်ရှုလိုပါကြောင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှိုင်သူဇာက စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝံ့ အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသားကျောင်းသူများက ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ ၂၀၂၂-၂၀၂၃ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို စိတ်ဝင်စားစွာ ကြည့်ရှုကြပြီး သုတ၊ ရသစာအုပ်များကို စိတ်ပါ၀င်စားစွာဖတ်ရှုလေ့လာကြကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်