သဲကုန်း အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်ထုတ်ယူရာတွင် လစဉ် ၂၁ ရက်မှ ၃၀ ရက်အထိ သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ်နံနက် ၇ နာရီမှ ၁၂ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား လဆန်းပိုင်း ဘဏ်လုပ်ငန်းချိန်တွင် ပင်စင်လစာငွေများ ထုတ်ပေးမည်ဖြစ်ပြီး သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ ၁၅၄၁ ဦးရှိကြောင်း မြို့နယ်မြန့်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်၊ပြန်/ဆက်