သနပ်ပင်မြို့နယ် ဖရဲကျေးရွာတွင် မျိုးစေ့ထုတ်  မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

သနပ်ပင်  အောက်တိုဘာ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက လယ်မြေကွင်းအမှတ်(၈၅၄-ခ)၊ ဦးပိုင်အမှတ်(၃၅/၄) တောင်သူဦးစိုးသိန်းပါ(၃)ဦး၏ လယ်ယာမြေ(၁၈)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ပဲခူးခရိုင်စိုက်ပျိုး‌ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ သနပ်ပင်မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများမှ စပါးရိတ်ခြွေစက်ဖြင့် မျိုးစေ့ထုတ် မိုးစပါးစံပြကွက် ရိတ်သိမ်းနေမှုများနှင့် မိုးစပါးစိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေများကို ကြည့်ရှုကြသည်။

ထိုသို့ မျိုးစေ့ထုတ်မိုးစပါးစံပြကွက် ဆင်းသုခမျိုးစပါး စိုက်ဧက(၁၈)ဧက ရိတ်သိမ်းရာတွင်  တစ်ဧကလျှင် အထွက်နှုန်း (၈၁.၂၂)တင်း ထွက်ရှိကြောင်းသိရသည်။

လှမိုး(ပြန်/ဆက်)