သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

 သနပ်ပင် အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးခရိုင် စားသုံသူရေးရာဦးစီးဌာနတို့ ပူးပေါင်၍ ကုန်စည်လုံခြုံစိတ်ချရမှု ကုန်အညွှန်းအမှတ်အသား  သိကောင်းစရာ (Talk Show) ဆွေးနွေးပွဲကို  ယမန်နေ့နံနက်ပိုင်း က မြို့နယ်အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင်    ပဲခူးခရိုင်စားသုံးသူရေးရာဦးစီဌာန  မြို့နယ်ဦးစီးမှူး ဦးကျော်ဆန်းဝင်း က စားသုံးသူ ပြည်သူများအနေဖြင့် ကုန်စည်(သို့)ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲတဲ့အခါမှာ ကုန်စည်နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်ရှိရန် အထူးလိုအပ်ပါတယ်၊ မိမိဝယ်ယူသုံးစွဲသည့် ကုန်စည်ရဲ့အမှတ်တံဆိပ်၊ အမျိုးအမည်၊ ထားသိုသိမ်းဆည်းပုံ၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်းပစ္စည်း အမျိုးအမည်များ၊  ပါဝင်မှုပမာဏနှင့် အချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့) ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ သက်ဆိုင်ရာအစိုးရဌာနမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များကို ပြည့်စုံစွာသိရှိမှသာ ဝယ်ယူစားသုံးသင့်ကြောင်း ကုန်အညွှန်း အမှတ်အသားများ ပြည်စုံမှန်ကန်စွာ ဖော်ပြပေးမှသာ စာသုံးသူပြည်သူများအနေဖြင့် ဝယ်ယူ စားသုံးပြီး  ကုန်စည်ဝန်ဆောင်မှုနှင့် ပတ်သက်၍ သိသင့်သိထိုက်သော သတင်းအချက်အလက်များ  ပြည့်ပြည့်စုံစုံသိမှသာ ယုံကြည်စိတ်ချစွာ သုံးစွဲသင့်ကြောင်း ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)