ကျောင်းကုန်းမြို့နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဒေသ ဖြိုး​တိုးတက်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်

ကျောင်းကုန်း အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်အတွင်း  တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁:၃၀ နာရီအချိန်ခန့်က ဇရပ်ကွင်းအုပ်စု၊ ဇရပ်ကွင်းကျေးရွာ ဇေယျာသီဝံ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်း အတွင်းရေးမှူး ယာယီရဲမှူးအောင်နိုင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင် (၂)ဦးတင်မောင်တို့ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)ကြောင်းသည် ဇရပ်ကွင်းအုပ်စုရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် (၃၇)ဦးနှင့် ဒေသခံပြည်သူ (၁၈၈)ဦး၊ စုစုပေါင်း(၂၂၅)ဦးတို့နှင့် တွေ့ဆုံ၍ ကျေးရွာနေပြည်သူများအား လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားပြီး၊  စားသုံးဆီဖူလုံစေရေးအတွက် နေကြာကိုစိုက်ပျိုးကြဖို့လိုကြောင်း ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ဆိုင်ကယ်စီးနင်း/မောင်းနှင်ရာတွင် မေးသိုင်းကြိုးပါသော ဦးထုပ်ဆောင်းပြီး မောင်းနှင်စေရေး၊ နှစ်ယောက်ထက်ပိုမစီးရေးစသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရန်၊ ည(၁၂)နာရီမှ နံနက်(၄)နာရီ အချိန်ထိ ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်း အသိပညာ‌ပေး ဟောပြောခဲ့ကြသည်။

ဟောပြောပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)