ဒေးဒရဲ အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ကျုံဒါးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းသို့ ကွင်းဆင်းသွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပညာရေးဌာနတို့က တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့် ဝန်ထမ်းများက ကျုံဒါးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းသွားရောက်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ်များ သွယ်တန်းထားခြင်းများ ကြံ့ခိုင်မှုရှိ/မရှိနှင့် မီးသတ်ဆေးဗူးများ သတ်မှတ် အရေအတွက်နှင့်အညီ ထားရှိမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိသင့်သည် များအား အသိပညာပေးပြောကြား ခဲ့ကြောင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအားလုံးသို့ ကွင်းဆင်းသွားရောက်၍ စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေဒေးသူ
မြို့နယ် (ပြန်/ဆက်)