ပွင့်ဖြူ အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံများ စိုက်ပျိုးရာ၌ စိုက်ပျိုးရေအဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့နယ်ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ လမ်းညွှန်မှုဖြင့် ဆည်ရေလုပ်သားများ ပူးပေါင်းအဖွဲ့က မဲဇလီ ရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေပေးထားသည့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ ကုလားဟောင်းကျေးရွာ လက်တံ(၄) ရေပေးမြောင်း ရေစီးရေလာ ကောင်းမွန်စေရေး ရေမှော်ပင်များနှင့် ဒိုက်ပင်များ ရှင်းလင်းခြင်းနှင့် ရေလက်တံမြောင်း ပေါင်းကူးတံတား မိုးရေ တိုက်စားမှုကြောင့် ပျက်စီးနေမှုအား အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် စုပေါင်းပြုပြင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေ အပြည့်အဝ ရယူသုံးစွဲနိုင်ရန် အတွက် မြို့နယ်ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ ကြီးကြပ်မှုဖြင့် ဆည်ရေလုပ်သားများ အဖွဲ့က မဲဇလီ ရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေပေးသည့် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက် ဧရိယာအတွင်းရှိ ရေလက်တံမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် စဉ်ဆက်မပြတ် ကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဆည်ရေ လုပ်သားများအဖွဲ့က တောင်မုန်းမြောင်းမကြီး ဆည်ရေသောက် ဧရိယာရှိ လက်တံ(၄) ရေပေးမြောင်းမှ စိုက်ပျိုးရေ ရယူသုံးစွဲနေသည့် ဒေသခံ တောင်သူများ စိုက်ပျိုးရေ အဆင်ပြေစွာ ဖြန့်ဝေပေးနိုင်ရေး အတွက် ရေစီးရေလာ ကောင်းမွန်စေရန် ရေမှော်ပင်များနှင့် ဒိုက်ပင်များကို စနစ်တကျ စုပေါင်းဖယ်ရှား ရှင်းလင်းဆောင်ရွက် ပေးခဲ့ကြပြီး မိုးရေတိုက်စားမှုကြောင့် ရေလက်တံမြောင်း ပေါင်းကူးတံတားအနီး လမ်းပျက်စီးနေမှုအား အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် စုပေါင်းပြုပြင် ဆောင်ရွက်ပေးခဲ့ကြသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)