ကျွန်းလှမြို့နယ်၌  တန်ဖိုးသင့်စားသောက်ကုန်များ အိမ်ထောင်စု ၂၀၀ အား ဒုတိယအကြိမ် ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ကျွန်းလှ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား တန်ဖိုးသင့် စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရန် အတွက် ယနေ့နံနက်  ၇ နာရီက  ပျဉ်းမမြိုင်ရပ်ကွက်၌ ဒုတိယအကြိမ် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးသင့် စားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်၊ ကြက်သွန်နီ ၂၅ ကျပ်သား၊ ဆီတစ်ဆယ်သား၊ ကြက်ဥငါးလုံး ပါပစ္စည်းလေးမျိုးကို ငွေကျပ် ၃၀၀၀ ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးသင့် စားသောက်ကုန်များ ရောင်းချပေးခြင်းကို ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့က ကြီးကြပ်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ တစ်ပတ်လျှင် နှစ်ကြိမ် ရောင်း‌ချပေးမည် ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)