ဝါးခယ်မ အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(ခွဲ) ငှက်ပျောစုကျောင်း၌ လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ခင်းကျင်း ပြသရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ပြသဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစာ လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များအား လေ့လာမှတ်သားဖတ်ရှုစေခြင်း၊ အားလပ်ချိန်တွင် အချင်းချင်းအပြန်အလှန် ဆွေးနွေးမှုများဆောင်ရွက်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွာစေရန်ရည်ရွယ်၍ ယခုလို နယ်လှည့် ကွင်းဆင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်းသိရသည်။
ဟိန်းထက်လင်း
ဝါးခယ်မ(ပြန်/ဆက်)