ဝါးခယ်မ အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ပြည်လုံးချမ်းသာ ဆုတောင်းပြည့် သော်ကစေတီတော်မြတ်ကြီး စိန်ဖူးတော်၏ အထွဋ်တော် အမြန်တင်လှူပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် မြို့နယ်သံဃနာယကဆရာတော်များ၊ ဩဝါဒစရိယဆရာတော်များနှင့် တွေ့ဆုံကာ စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သံဃနာယကဆရာတော်များ၊ ဩဝါဒစရိယဆရာတော်များ၊ ဌာနဆိုင်ရာကြီးကဲများ၊ ဂေါပကများနှင့် မြို့မိ၊ မြို့ဖများ တွေ့ဆုံ၍ ဝါးခယ်မမြို့၊ သော်ကရပ်ကွက်၊ ပြည်လုံးချမ်းသာဆုတောင်းပြည့်သော်ကစေတီတော်မြတ်ကြီး စိန်ဖူးတော်၏ အထွဋ်တော် တင်လှူပူဇော်ပွဲ အမြန်ကျင်းပနိုင်ရေးအတွက် ကော်မတီးများအသီးသီး ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး စုပေါင်းလှူဒါန်းငွေ(၄၅)သိန်းအား ဘဏ္ဍာငွေရှာဖွေရေးကော်မတီထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)