ဒေးဒရဲ အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့် တစ်ဦး ကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)များ အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထိုးနှံပေးလျက် ရှိသည်။
ဒေးဒရဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် အသက်(၁၈)နှစ်အထက်ရှိသူ လျာထားဦးရေ (၁၅၈၉၁၃)ရှိသည့်အနက် ပထမအကြိမ်(Booster) အပိုဆောင်းထိုးနှံပြီးစီးမှုအဖြစ် ပြည်သူ(၂၄၆၆၄)ဦးနှင့် ဒုတိယအကြိမ် (Booster) အပိုဆောင်းထိုးနှံမှုအဖြစ် (၃၀၉)ဦး ထိုးနှံပြီးစီးကြောင်းသိရပြီး အပိုထပ်ဆောင်း ကာကွယ်ဆေး(Booster) ထိုးနှံရန် ကျန်ရှိသူများ ကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။
အေဇာလင်း
မြို့နယ် (ပြန်/ဆက်)