ညောင်တုန်း အောက်တိုဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးအောင်လွင်ဦးနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၄ နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ကြိုဆိုခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် တာန်ယူဆောက်လုပ်သည့် ကုမ္ပဏီတာဝန် ရှိသူတို့မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသစ် တည်ဆောက်ပြီးစီးမှုရာခိုင်နှုန်းနှင့် ဆက်လက်တည်ဆောက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသစ်မှာ အလျား(၆၀)ပေ၊ အနံ(၄၀)ပေ၊ RC (၁)ထပ် အဆောက်အဦဖြစ်ပြီး မာန်ဘုန်းပိုင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်ဆက်)