ညောင်တုန်းမြို့နယ်တွင် လူငယ်နှင့် အားကစား Talk Show ပြုလုပ်

ညောင်တုန်း အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌  လူငယ်နှင့် အားကစား Talk Showကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုခင်တို့က Talk Show ကျင်းပရခြင်းရည်ရွယ်ချက်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ရှေ့လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အားကစား၏ အဓိပ္ပါယ်နှင့်အားကစားဆိုင်ရာ သိကောင်းစရာများ၊ အားကစား ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်မှု နည်းပါးခြင်းကြောင့် ဖြစ်ပွားနိုင်သည့် ဆိုးကျိုးများအကြောင်းစသည့် အသိပညာပေး အကြောင်းများကို ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)