ဖျာပုံ အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအားဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုး သေချာစွာတပ်ဆင်မောင်းနှင် ကြခြင်းဖြင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ခြင်းကို ဖျာပုံမြို့အထွက် ဖျာပုံ-ကျိုက်လတ် ကားလမ်းမကြီးဘေးတွင် ယမန်နေ့နံနက်ပိုင်း အချိန်က ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါအသိပညာပေး ဆောင်ရွက်ရာတွင် ဖျာပုံခရိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေး ကော်မတီမှဦးဆောင်၍ အမှတ်(၈၀)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(ဖျာပုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးယဉ်မင်းသိုက်က မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ် မောင်းနှင်ကြသည့် ပြည်သူများအား၊ ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီး ဦးထုပ်အား မေးသိုင်းကြိုးသေချာစွာ တပ်ဆင်မောင်းနှင်ကြရန်နှင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများအား အသေးစိတ် ရှင်းလင်းပြောကြားပြီး၊ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့ ယာယီရဲမှူးဌေးနိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး စောနေနိုင်ထွန်း၊ အမှတ်(၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှတပ်ဖွဲ့စုမှူး ဒုရဲမှူး နှင့်တပ်ဖွဲဝင်များက အသိပညာပေး ဆောင်ရွက်ကြပြီး၊ ဖျာပုံမြို့နယ်အနေဖြင့် ယဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို မြို့နယ်အတွင်းနေ့ရက်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)