အိမ်မဲ အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း စာသင်ကျောင်း (၁၉၆)ကျောင်းတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေး အကြံပြုခြင်းများကို အောက်တိုဘာ (၁၈)ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ စာသင်ကျောင်း(၁၀၀)အားဆောင်ရွက် ပြီးပြီဖြစ်ကြောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်မီငြှိမ်းသတ်နိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့အား မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)