အိမ်မဲ အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများအသိ ပညာဗဟုသုတရရှိ စေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်းကျင်းပသည့် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ ၂ နာရီ တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင် က စားသုံးသူကာကွယ်ရေး ဥပဒေအသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ဆက်လက်ပြီး မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံဦးလေးလွင်တို့က စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ် အခန်း(၁၈) မှ ကုန်ညွှန်းအမှတ် အသားဖော်ပြခြင်း၊ မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာရမည့် အချက်များနှင့် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ အကြောင်းတို့ကို ဆွေးနွေး ပြောကြားသည်။
အဆိုပါစားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show Video ကို အိမ်မဲမြို့နယ် ပြည်သူ့စာ ကြည့်တိုက် Page နှင့် We Love Einme page တို့တွင်ပြည်သူများသိရှိနိုင် ထုတ်လွှင့် ပေးထားကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)