မင်းတုန်း အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနရုံးတွင် ယမန်နေ့ နံနက် ၉ နာရီက လူသုံးကုန်အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ဌာနဆိုင်ရာတာဝန်ခံများနှင့် သင်တန်းသူ (၂၆)ဦး တက်ရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဆန်းသစ်ချိုသဘာဝခေါင်းလျှော်ရည်နှင့် ဆပ်ပြာထုတ်လုပ်ဖြန့်ချိရေး (အထက်မင်းလှ)မှ နည်းပြဆရာမ ဒေါ်စန်းစန်းနွဲ့က လူသုံးကုန်အမျိုးမျိုး ထုတ်လုပ်နည်း လက်တွေ့သင်ကြားပို့ချခဲ့ပြီး ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်းမှာ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်ဖက် တစ်လမ်းမှ မိသားစုဝင်ငွေ ရရှိစေရန် ရည်ရွယ်ဖွစ်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)