ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ဟင်္သာတ အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်  ခရိုင်ပြန်ဆက်ဦးစီးဌာနရုံး လူထူအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ပြိုင်ပွဲသို့ အထက်တန်းဆင့် အလယ်တန်းဆင့် ကျောင်းသားကျောင်းသူ ၃၆ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ပထမဆု ဒုတိယဆု တတိယဆုနှင့် အထူးဆုများကို အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။

ဟင်္သာတခရိုင်ပြန်ဆက်ဦးစီးဌာနအနေနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးရေးအတွက် ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ