ဖျာပုံမြို့နယ်၊ အမက(၂၀)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်

ဖျာပုံ အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ် စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ နယ်၊ချောင်းတွင်းကျေးရွာ အမက (၂၀)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအသိပညာပေးဟောပြောရာတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်နွယ်လတ်က ​ကျောင်းသား၊ ကျောင်းသူများ ပညာသင်အရွယ်မှစပြီး၊ မိမိဝါသနာပါရာ ရည်မှန်းချက်ထားပြီး၊ ကြိုးစားကြစေလိုကြောင်း၊ လူငယ်များအကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေသော စာပေများကိုလည်း လေ့လာဖို့လိုကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောသည်။

ထို့နောက် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်များ ပြသခြင်းနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင် ပြန်/ဆက်)