ထားဝယ်မြို့တွင်ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၂)ဖွင့်လှစ်

ထားဝယ်   အောက်တိုဘာ  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှဦးစီး၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၂)ကိုယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲတွင် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှူး ဦးတင်အောင်ကျော်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ ဝန်ထမ်းများ၏ HR. Development လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  Capacity Building ၊ Capacity Development ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်ရုံးလုပ်ငန်းများကျွမ်း ကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်စေရန်၊ ကိုယ်ပိုင်ဆန်းသစ်တီထွင်တွေးတောကြံဆတတ်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဒေါ်ကြင်ကြင်သန်းက ဆောင်းပါးကောင်းတစ်ခု ရေးသားမည်ဆိုပါက မိမိရေးသားတော့မည့် အကြောင်းအရာအား ဖော်ပြပေးရမည့်ဖြစ်ကြောင်း၊ ဖော်ပြချက်မတိုင်မီ စာဖတ်သူအား ဖော်ပြချက်အကြောင်းအရာနှင့် စပ်လျဉ်းသက်ဆိုင်သည့်အကြောင်းအရာ(သို့မဟုတ်)အကြောင်း အရာတစ်ခုလုံးကိုညှို့ယူ စွဲဆောင်နိုင်စွမ်းသော အရာတစ်ခုလုံး၏ အတိုချုံးဖော်ပြပေးနိုင်ရမည်ဖြစ်ပြီး (နိဒါန်း) မဖြစ်မနေ ပါဝင်ရမည်ဖြစ်ကြောင်း၊ နိဒါန်းရေးသားချက်နှင့် ပတ်သတ်၍ မည်ကဲ့သို့ရေးသားရမည်ကို ကြိုတင်၍စဉ်းစားထားရမည်ဖြစ်ကြောင်း၊ ဆောင်းပါးရေးသားမှုနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

သင်တန်းတွင်စားသုံးသူရေးရာဦးစီးဌာနမှသင်တန်းသား/သူများနှင့်ထားဝယ်အထူးစီးပွားရေးဇုန်မှသင်တန်းသား/သူများအား ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကို အောက်တိုဘာ ၂၀ ရက် နှင့် ၂၁ ရက်နေ့ အထိ(၂)ရက် သင်ကြားပို့ချပေးမှာ ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)