သာယာဝတီမြို့၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

သာယာဝတီ အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို   ယနေ့ နံနက် ၉ နာရီက အ.ထ.က(၁) သာယာဝတီ ပီမိုးနင်းခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးဝင်းနိုင် ဦးဝင်းနိုင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။​

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၉၀)ကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီး (၁၉၀) ဦးအား အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်အထိ ၂ ရက်ကြာ ဆွေးနွေးပွဲပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)