ကဝ အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက လူကုန်ကူးမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးရန်စုဆောင်းခြင်း၊ အမျိုးသမီးများ၏ အားနည်းချက်၊ အမျိုးသမီးများတွေ့ကြုံရသော လူကုန်ကူးမှုအန္တရာယ်၊ မျှော်လင့်ချက်ရောင်ခြည်၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှု အင်္ဂါ(၃)ရပ်နှင့် လူကုန်ကူးမှုပြစ်ဒဏ်များကို ရှင်းလင်းဟောပြောပြီး ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ ပေးပို့သော “အမေ့အတွက်မွေးနေ့လက်ဆောင်ကို လိုက်ရှာသည်” စာအုပ်ဖြင့် ပုံပြင်များ ပြောပြခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူ များအား ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမားများ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ပါဝင်ပတ်သက်သူများ၏ တုံ့ပြန်ချက်စသည်တို့နှင့် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး၊ ဗဟိုဌာနများ၏ ဆက်သွယ်ရန်လိပ်စာများ၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှု အန္တရာယ်ပူးပေါင်း ကာကွယ်တိုက်ဖျက်မယ်၊ လူကုန်ကူးခံရသောကြောင့် ရရှိသောဆိုးကျိုးများ၊ လူကုန်ကူးသူများ အသုံးပြုသော နည်းလမ်းများ၊ လူကုန်ကူးမှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုသံသယရှိပါက ဆက်သွယ်သတင်းပေး အကူညီတောင်းခံရန် ဖုန်းနံပါတ်များပါရှိသည့် အသိပညာပေး နံရံကပ်စာစောင် များပြသရာ စိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)