ဖျာပုံမြို့ ကရုဏာရှင် လူမှုကူညီရေးအသင်းမှ ရတနာတိုးအချွန် ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး

ဖျာပုံ အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ အမှတ်(၁၄) ရပ်ကွက်၊ ကရုဏာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက လက်လုပ်လက်စား ပြည်သူများအား သက်သာသော စျေးနှုန်းဖြင့် ဆန်ဝယ်ယူ စားသုံးနိုင်စေရန် ရည်ရွယ်၍ ရတနာတိုး အချွန်ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်တွင် ဖျာပုံမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ အ.မ.က(၁၇) မူလတန်းကျောင်းရှေ့တွင် ရောင်းချပေးလျက်ရှိကြသည်။

အဆိုပါ ကရုဏာရှင် လူမှုကူညီရေးအသင်းမှ ရတနာတိုးအချွန် ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးရာတွင် ကရုဏာရှင် လူမှုကူညီရေးအသင်း နာယကများ ဖြစ်ကြသော ဦးမြင့်သိန်း၊ဦးကျော်ငြိမ်း၊ ဦးတင်နွယ်နှင့် အမှတ် (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများသည်​ မြို့နယ်အတွင်းရှိ လက်လုပ်လက်စား ပြည်သူများအား သက်သာသော စျေးနှုန်းဖြင့် ဆန်ဝယ်ယူ စားသုံးနိုင်စေရန် ရတနာတိုး( အချွန်) ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပြည်နှုန်း ရောင်းချပေးခြင်းကို အောက်တိုဘာလ(၁၈)ရက်နေ့မှ နိုဝင်ဘာလ (၂)ရက်နေ့အထိ နေ့စဥ်နံနက် (၈)နာရီအချိန်တွင် စတင် ရောင်းချပေးလျက်ရှိကြောင်း၊ ဖျာပုံမြို့ ကရုဏာရှင် လူမှုကူညီရေးအသင်းရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)