သာပေါင်း အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါလဲ့လဲ့ဝင်းမှ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး ချေးငွေအကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show)ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သာပေါင်းမြို့နယ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ကြီးကြပ်ရေးမှူးဦးဆန်းလွင်က ဆောင်းသီးနှံ၊ ၂၀၂၂ ခုနှစ် ဆောင်းနေကြာသီးနှံချေးငွေကို ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး သီးနှံပေါ်လျှင်ပေါ်ခြင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန် ပေးဆပ်ပေးရမည်ဖြစ်ကြောင်းနှင့် တစ်ဧကကို တစ်သိန်းခွဲနှုန်း၊ အတိုးနှုန်းထားမှာ တစ်နှစ်လျှင် ငွေ ၁၀၀ ကျပ်ကို ၅% နှုန်း ဆိုတာ ငွေ ၁၀၀ ကျပ်ကို တစ်လ ၄၂ ပြားနှုန်းသာရှိကြောင်း၊ ချေးငွေပေးဆပ်ရန် ကာလကျော်လွန်ပါက ဒဏ်အတိုးနှုန်းငွေ ၁၀၀ ကျပ်လျင် တစ်လ ၅၀ ပြားနှုန်းဖြစ်ကြောင်း စသည့် အချက်အလက်များအား အကျယ်တဝင့် ရှင်းလင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း( ပြန်/ဆက်)