ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ-မ-က(၁၉၂) သဲကုန်းကျောင်းတွင်‌ ဟောပြောပွဲပြုလုပ်၍ စာအုပ်စာစောင်များ ငှါးရမ်းခြင်း၊ နံရံကပ်စာစောင်များ ပြသပေးခြင်းများဆောင်ရွက်

ရွှေသောင်ယံ အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ ဦးစီးမှူး‌ ဒေါ်ရီရီလွင်နှင့် ဝန်ထမ်းများမှ ယနေ့ နံနက် (၁၀)နာရီအချိန်တွင် ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အ-မ-က (၁၉၂) သဲကုန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဟောပြောပွဲပြုလုပ်ခြင်း၊ စာအုပ်၊ စာစောင်များ ငှါးရမ်းပေးခြင်းနှင့် နံရံကပ်စာစောင်များ ပြသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်/ဆက် ဦးစီးမှူးမှ ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများ၊ အသိအလိမ္မာ တိုးပွားမှုများကို ဟောပြောပေးခဲ့သည်။

ထို့နောက် စာအုပ်၊ စာစောင်များ ငှါးရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်မှူးမှ ငှါးရမ်းပေးပြီး ဖတ်ရှုပြီး စာအုပ်များကို အပတ်စဉ်လာရောက် လဲလှယ်ပေးမည်ဖြစ်ကြောင်း ပြောကြာခဲ့သည်။

ရွှေသောင်ယံ(ပြန်/ဆက်)