ပြည် အောက်တိုဘာ ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြည်အကျဉ်းထောင် ဝန်ထမ်းမိသားစုများအတွက် ဆောင်ရွက်ပေးသည့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်အကျဉ်းထောင်၌ ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ခရိုင်နှင့်မြို့နယ်ရုံးတို့မှတာဝန်ရှိသူများ၊ အကျဉ်းထောင်တာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစုများတက်ရောက်သည်။
အဆိုပါပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးရဲနောင်က "ပန်းခင်းစီမံချက်၏ရည်ရွယ်ချက်နှင့် ပြည်သူများအတွက်လူမှုဘဝပြည့်စုံရန် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးရရှိရေး ဆောင်ရွက်ပေးနေမှုအကြောင်းများကို ဆွေးနွေးပြောကြားပြီး တာဝန်ရှိသူများက ပြည်အကျဉ်းထောင်ဝန်ထမ်းမိသားစုများထံ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ သိရသည်။
ကိုဆက်