မင်းလှမြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

အထက်မင်းလှ အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများကို အောက်တိုဘာ ၁၄ ရက်နေ့က စတင်ထုတ် ချေးပေးခဲ့ရာ ယနေ့နံနက် ၁၀ နာရီက တောင်သူများအား ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးရာတွင် မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာမှ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်းနှင့်ပတ်သက်၍ စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ၂၀၂၂ခုနှစ်၊ ဆောင်းရာသီ၌ တောင်သူများ သီးနှံစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဆောင်းသီးနှံ(အခြားသီးနှံ) တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် ဧက(၂၁၃)ဧက၊ ကျေးရွာအုပ်စု(၂)အုပ်စုမှတောင်သူ(၃၆)ဦးအား ချေးငွေ(၂၁၃ )သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)