ပခုက္ကူ အောက်တိုဘာ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့ မွန်းလွဲ ၁နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုကသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းမှရရှိမည့် အကျိုးကျေးဇူးများအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်မေတ္တာဦး (ဒုတိယဦးစီးမှူး)က သင်တန်းတွင် သင်ကြားပို့ချပေးမည့်ဘာသာရပ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ပခုက္ကူခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း(၂၀)ဦးကျော်တက်ရောက်ကြပြီး ရက်ကန်း နှင့်အသက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းနည်းပြဆရာမ ဒေါ်မေတ္တာဦး (ဒုတိယဦးစီးမှူး)နှင့် ဒေါ်စုမြတ်ငြိမ်း (ဒုတိယဦးစီးမှူး)တို့က ခေါင်းလျှော်ရည်နှင့်ဆပ်ပြာ(အခဲ၊ အရည်) အမျိုးမျိုး၊ လက်သန့်ဆေးရည်(Hand Gel) ပြုလုပ်နည်း စသည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာဘာသာရပ်များကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်မှ၂၁ရက်နေ့အထိ သင်တန်းကာလ သုံးရက်ကြာ စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)