သဲကုန်း အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့က အွန်လိုင်းပုံပြင်ပြောပြိုင်ပွဲအစီအစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်ခရိုင်ကိုယ်စားပြုနှစ်သိမ့်ဆု(၃)ရရှိ ကျောင်းသူအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါအွန်လိုင်းပုံပြင်ပြောပြိုင်ပွဲအစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကြီးမှူးကျင်းပပြီး အရည်အသွေးပြည့်မီစွာ ရိုက်ကူးတည်းဖြတ်ထုတ်လွှင့်နိုင်ရေးအတွက်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ သုံးလပတ်(တစ်ကြိမ်) ပုံပြင်ပြောပြိုင်ပွဲကျင်းပပေးပြီး တစ်ခရိုင်လျှင် ခရိုင်ကိုယ်စားပြု ပုံပြင်တစ်ပုဒ်နှုန်းစီ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ကြောင်းသိရသည်။ ယင်းသို့ပုံပြင်ပြောပြိုင်ပွဲများ ပြုလုပ်ပြီး ယှဉ်ပြိုင်စေခဲ့ရာ ယခုနှစ်(ဇွန်၊ ဇူလိုင်၊ ဩဂုတ်)သုံးလပတ်တွင် ကျောင်းသား၊ ကျောင်းသူ(၆၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ သဲကုန်းမြို့နယ်၊ အ.ထ.ကပုတီးကုန်းကျောင်းမှ သတ္တမတန်းကျောင်းသူ မသီရိအောင်က စာရေးဆရာမင်ဦးဉာဏ်လင်းအောင်ရေးသားသည့် "ကြွေးဟောင်းကိုဆပ်ကြွေးငစ်ကိုပေး” ပုံပြင်ခေါင်းစဉ်ဖြင့် ပြည်ခရိုင်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်သိမ့်(၃)ဆုရရှိကြောင်းနှင့် ယင်းဆုရရှိမှုအတွက် မြို့နယ်ပြန်/ဆက်ဦးစီးဌာနကဆုရရှိသော ပြိုင်ပွဲဝင်ကျောင်းသူအား ဦးစီးဌာန(ရုံးချုပ်)ကိုယ်စား ဂုဏ်ပြုဆုငွေ(၂၀၀၀၀/)ကျပ်နှင့်မြို့နယ်ရုံးမှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါခရိုင်အလိုက် ကိုယ်စားပြုပြိုင်ပွဲဝင်ပုံပြင်များကို ပြင်ပပညာရှင်များဖြစ်သည့် နေပြည်တော်ရှိ စာရေးဆရာများ၊ Book Club, Women's Clubနှင့် Youth's Club တို့မှ ကိုယ်စားလှယ်များပါဝင်သည့် အကဲဖြတ်စိစစ်ရေးအဖွဲ့ဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆု(၅)ဆုအပါအဝင် စုစုပေါင်းဆု(၈)ဆုအား သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ကြည့်ရှုအမှတ်ပေးစိစစ်ရွေးချယ်၍ ပထမဆုအတွက် ငွေကျပ်တစ်သိန်း၊ ဒုတိယဆုငွေကျပ်ရှစ်သောင်း၊ တတိယဆုငွေကျပ်ငါးသောင်းနှင့် အထူးဆု(၅)ဆုအတွက် ငွေကျပ်နှစ်သောင်းနှုန်းစီဖြင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပေးကြောင်းသိရသည်။
မြို့နယ်၊ပြန်/ဆက်