သာယာဝတီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အထွေထွေဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

သာယာဝတီ အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပညာအလယ်တန်းအဆင့် အထွေထွေဗဟုသတ ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲတွင် သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်က ကျောင်းသား၊  ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ဉာဏ်ပညာအထွေထွေဗဟုသုတ ကြွယ်ဝလာစေရန်ရည်ရွယ်ပြီး အလယ်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်လေးများကို ဦးတည်ပြီး ပြိုင်ပွဲအမျိုးမျိုး လစဉ်ကျင်းပပေးလျက်ရှိကြောင်း ပြောကြားသည်။

ပြိုင်ပွဲသို့ အခြေခံပညာအလယ်တန်းကျောင်း (သာယာဝတီ) မှ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးက အထွေထွေဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြရာ (ပထမ) ဆုကို အလက (သာယာဝတီ) မှ သတ္တမတန်း ကျောင်းသူ မလဝန်းရှင်၊ (ဒုတိယ) ဆုကို ဆဌမတန်းကျောင်းသား မောင်နေဦးလှိုင်၊(တတိယ)ဆုကို ဆဌမတန်းကျောင်းသူ မဟေမာန်လင်းလက်နှင့် ပူးတွဲ (တတိယ) ဆုကို ဆဌမတန်း ကျောင်းသား မောင်စောလင်းထန်တို့က ရရှိသွားခဲ့ကြရာ ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးခိုင်က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)