နတ်မောက် အင်းကုန်းကျေးရွာရှိ တောင်သူများမြိတ်စားကြက်သွန်နီများစိုက်ပျိုး             

နတ်မောက်  အောက်တိုဘာ   ၂၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အင်းကုန်းကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများသည်  ကြက်သွန်နီစျေးကောင်းသဖြင့် ကြက်သွန်နီများကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာကြောင်းသိရသည်။

“ကျွန်မတို့ ရွာမှာဆိုရင် မိုးဦးသီးနှံများရိတ်သိမ်းပြီးတဲ့အခါမှာတော့ ဆောင်းသီနှံများစိုက်ပျိုးရန် ထယ်ရေးပြုပြင် စိုက်ပျိုးကြပါတယ်၊ ဆောင်းသီနှံများဖြစ်တဲ့ဘူး၊ ချဉ်ပေါင်၊ ခရမ်း၊ ပြောင်းဖူး နှင့် ရာသီပေါ် သီးနှံမျိုးစုံများအပြင် ကြက်သွန်နီများကိုလည်း စိုက်ပျိုးကြပါတယ်၊ မြိတ်စားကြက်သွန်ကို စိုက်ပျိုးမယ်ဆိုရင်  မိမိတို့ယခင်နှစ်က မိုးနှောင်း မှာစိုက်ပျိုးထားတဲ့ ကြက်သွန်နီများထဲမှ မျိုးအဖြစ်ချန်ထားတဲ့ ကြက်သွန်နီအသေးစား(ဇော်မွှား)များကို ထယ်ရေးညက်အောင် ထွန်ယက်ပြီး မြေညီညာမှုရှိတဲ့နေရာများမှာ စိုက်ပျိုးပါတယ်၊ အများစုကတော့ တော်သလင်းလမှာ စတင်စိုက်ပျိုးပါတယ်၊ ကျွန်မတို့ကတော့ သီတင်းကျွတ်လထဲမှာ စိုက်ပျိုးတာပါ၊ မိမိရဲ့အလှူလေးရှိတော့ ကိုယ်ရဲ့အလှူအတွက်လည်းသုံး၊ ကျန်တဲ့ မြိတ်စားကြက်သွန်များကိုတော့ မြို့မစျေးကို တင်ပို့ရောင်းချမှာဖြစ်ပါတယ်၊  မြိတ်စားကြက်သွန်တစ်ပိဿာ အရင်နှစ်က (၁၂၀၀)ရောင်းချပြီး ယခုနှစ်တွင် (၃၀၀၀)စျေးရှိကြောင်း၊ မိမိယာထဲမှ ထွက်ရှိလာမဲ့ကြက်သွန်နီများကိုလည်း စျေးကောင်းရရန်မျှော်လင့်ကြောင်း” အင်းကုန်းကျေးရွာ ကြက်သွန်စိုက်ပျိုးသူထံက သိရသည်။

မူမူစန်း(ပြန်/ ဆက်)