သာယာဝတီ အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ ဂွေးချောင်းကျေးရွာ၊ ကွင်းအမှတ် (၁၂၅၂) ဦးပိုင်အမှတ် (၁၀၈/၁) တောင်သူ ဦးထွန်းထွန်းဝင်း၏ ဆင်းသုစိုက်ခြင်း(၂)၌ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မာမာအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟို၊ မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်အောင်ဆွေ၊ ဦးအောင်သူ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သူ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်းအင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခ တစ်ဧကလျှင် အစို (၉၉.၀၇)တင်းနှုန်းနှင့် အခြောက်တင်းအနေဖြင့် (၉၀.၁၆)တင်းနှုန်းထွက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)