လှိုင်းဘွဲ အောက်တိုဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်က ကျောင်းသား ကျောင်းသူများအနေဖြင့် လူအများရှေ့တွင် ပြောရဲဆိုရဲသောအကျင့်ကောင်းများ ရရှိလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန်နှင့် ပြိုင်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့ စိန့်ဖရန်စစ်ဇေးဗီးယားမူကြိုကျောင်းမှ ကျောင်းသား ကျောင်းသူများက ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။
စောဖိုးခွါး