ကမမောင်း အောက်တိုဘာ ၂၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်အန္တရာယ်လက်တွဲကာကွယ်နံရံကပ်နှင့် အိုမီခရွန်အကြောင်းသိကောင်းစရာ အသိ ပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအတွက် မူးယစ်ဆေးဝါးသုံးစွဲလျှင် စိတ်ဓါတ်ကျခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိမိကိုယ်မိမိသေကြောင်းကြံခြင်း၊ မိသားစု စိတ်ဓါတ်လျော့နည်းလာခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာထိ ခိုက်မှုများရှိတတ်ကြောင်း၊ စိတ်ကြွရူးသွပ်ဆေးအန္တရာယ်ကိုမည်သို့ကာကွယ်မလဲ၊ မြန်မာ နိုင်ငံနှင့်စိတ်ကြွရူးသွပ်ဆေးပြဿနာ၊ စိတ်ကြွရူးသွပ်ရူးသွပ်ဆေးများ၏ အန္တရာယ်များ အကြောင်းကို ပြည်သူများသိရှိစေရန်နှင့် ယခုအခါ ကိုဗစ်ကာလဖြစ်သောကြောင့် အပြင်ထွက်သည့်အခါတိုင်း mask တပ်ဆင်ရန်၊ အပြင်မှပြန်ရောက်လျှင် လက်ဆေးရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါတားမြစ်ချက်များနှင့်အညီ နေထိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် နံရံကပ်စာစောင်များကို ချိတ်ဆွဲပြသပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များဖြစ်သည့် မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုနှင့် ပြစ် ဒဏ်များအကြောင်း သိကောင်းစရာများနှင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေးစသည့်အချက်များပါဝင်သော နံရံကပ်စာစောင်များကို ပြသ လျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
သန့်ဇင်(ပြန်/ဆက်)