အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် စာရေးဆရာမ ခင်စောတင့်၏ ဘဝအသစ်ရဲ့အစများ စာအုပ်ဖြင့် Book Club အဖွဲ့ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင် ကစာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး စာဖတ်ဝိုင်းကျင်းပရာ မြို့နယ်ဦးစီးအရာရှိနှင့် Book Club အဖွဲ့ဝင်များမှ ဘဝအသစ်ရဲ့အစများ စာအုပ်မှ ဘဝအသစ်ရဲ့အစများ၊ မိမိကိုယ်ကိုယ်ခွင့်လွှတ်ခြင်း၊ အမြင်တွေ ပြောင်းလဲကြပါစို့၊ ဘဝရဲ့အမှတ်အသားများ၊ ဘဝရဲ့အသေးစားအောင်ပွဲများ၊ ပျော်ရွှင်ကြည်နူးခြင်းကို ဖြန့်ဝေပါ ခေါင်စဥ်များဖြင့် အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့သည်။

အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ စာဖတ်ဝိုင်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ ဆွေးနွေးပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)