ပန်းတနော်မြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေး လိုက်လံစစ်ဆေး

ပန်းတနော် အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် နေအိမ်များအား မီးဘေးအန္တရာယ်လုံခြုံရေးအတွက် လိုက်လံစစ်ဆေး အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာနမြို့ နယ်ဦးစီးမှူးဦးမောင်မောင်ဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်ရှိ  စားသောက်ဆိုင်များနှင့် နေအိမ်များတွင် ထင်းမီး၊ ဂက်စ်အိုး၊ လျှပ်စစ်မီးသုံးစွဲရာ၌ စနစ်တကျသုံးစွဲနိုင်ရေး၊ ဆွေးမြေ့နေသော လျှပ်စစ်မီးကြိုးများ သုံးစွဲခြင်းမပြုလုပ်ကြရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်မီငြှိမ်းသတ် နိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ လိုအပ်တဲ့စီမံဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန်  စစ်ဆေးအကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)