မြန်အောင် အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြန်အောင်မြို့ အဝင်/အထွက် မလာကာကုန်း စစ်ဆေးရေးဂိတ်၌ ယနေ့နံနက်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးနှင့် ယာဉ်စစ်ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ယာဉ်စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ထက် ဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆိုင်ကယ်ဦးထုတ်များ စနစ်တကျဆောင်းရန်၊ ယာဉ်မောင်းလိုင်စင်များ Update ဖြစ်စေရေး ဆောင်ရွက်ထားရှိရန်၊ တရားမဝင် လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများအား မှောင်ခိုရောင်း/ဝယ် ဖောက်ကားခြင်း မပြုလုပ်ရန်၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်မှုမရှိဘဲ ကင်းရှင်းစွာ နေထိုင်ကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)