ပုလော၊ စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ကိုဗစ်−၁၉ ကာလအတွင်း စေတနာ့၀န်ထမ်းပရဟိတအဖွဲ့များအား ထောက်ပံ့ငွေများကို ယနေ့နံနက် (၁၀) နာရီက ပုလောမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများကို ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် လူမှု၀န်ထမ်းဦးစီးဌာန ရန်ပုံငွေမှ ကိုဗစ်−၁၉ ကာလအတွင်း စေတနာ့၀န်ထမ်းပရဟိတအဖွဲ့အစည်းများအတွက် အသုံးစရိတ်ငွေ (၂၀၂၅၀၀၀) ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်ကပံ့ပိုးပေးခဲ့ရာ မေတ္တာရှင်ပရဟိတအဖွဲ့ခေါင်းဆောင် ဦးလမင်းနိုင်ဦး လက်ခံရယူခဲ့သည်။
ကိုဗစ်−၁၉ ကာလအတွင်း ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှပံ့ပိုးပေးသည့်အသုံးစရိတ်ငွေများကို ပုလောမြို့နယ်လုံးဆိုင်ရာ လူနာတင်ယာဉ်များ ကွန်ရက်အဖွဲ့၀င် အဖွဲ့(၃၀)အတွက် လိုအပ်သည့်လှုပ်ရှားမှုများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းကို မေတ္တာရှင်ပရဟိတအဖွဲ့ခေါင်းဆောင် (အရပ်ဘက်ပူးပေါင်းကော်မတီတာ၀န်ခံ) ဦးလှမင်းနိုင်ဦးက ပြောကြားခဲ့သည်။
အေးအေးမော်(ပုလော ပြန်/ဆက်)