ရွှေတောင် အောက်တိုဘာ ၁၉
ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ဖိုးခေါင်ကျေးရွာ အမကကျောင်းတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာများ အကြောင်းခေါင်းစဉ်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများပြုလုပ်ပေးခဲ့ပြီး ဒုတိယဦးစီးမှူးဒေါ်နွေးဒါလီနိုင် က"မိအေးချက်သည့် ဟင်းတစ်ခွက်" စက္ကူပြဇာတ်ပြသပေးပြီးရုပ်သံ (၃)ဒေါ်အေးအေးခိုင်မှ" မွှေးကြိုင်သောလေလည်နံ့"ပုံပြင်စာအုပ်ကိုပြောပြခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာနံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်နံရံကပ်စာစောင်၊ ရေဘေးလေဘေးအသိပညာပေး နံရံကပ်စာစောင်အား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကိုဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း( ပြန်/ ဆက်)