ညောင်တုန်းမြို့နယ်တွင် ဆောင်းရာသီ စိုက်ပျိုးစရိတ်ဘဏ်‌ ချေး‌ငွေများ စတင်ထုတ်ချေးပေး

ညောင်တုန်း အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် အရင်းအနှီးကုန်ကျငွေ တစ်စိတ်တစ်ဒေသကို သက်သာသည့် အတိုးနှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်ချေးပေးလျက်ရှိသည်။

ထိုသို့သီနှံစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ချေးရာတွင် မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ စိုက်ပျိုးချိန်အမီ အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အတိုးနှုန်း တစ်နှစ်လျှင် ၅ရာခိုင်နှုန်းဖြင့် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ နွေစပါး တစ်ဧကလျှင် ငွေကျပ် (၁၅၀၀၀၀)နှုန်း၊ ပဲမျိုးစုံနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် (၁၀၀၀၀၀)နှုန်းဖြင့် အချိန်စေ့ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူများအား ထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိပြီး မြိုနယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၅)အုပ်စုမှ ဆောင်းရာသီစိုက်ပျိုးဧက (၂၃၄၁၅)ဧကအတွက် စုစုပေါင်းငွေကျပ်သိန်း (၃၀၀၀၀)ကို ထုတ်ချေးပေးရန် လျာထားကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)