ချောင်းသာ အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ သာသနိက အဆောက်အအုံများနှင့် စာသင်ကျောင်းများအား လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ယနေ့နံနက် ၈ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးရုံး၊ မြို့လျှပ်စစ်အင်ဂျင်နီယာအဖွဲ့၊ နယ်မြေခံ မီးသတ်တပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သတ်မှတ်ထားသော စည်းကမ်ချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ မီးခလုတ်များ၊ လျှပ်စစ်ဝါယာကြိုး သွယ်တန်းထားသည့် မီးကြိုးများ ကြံ့ခိုင်မှုအားစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် မီးသတ်ဆေးဗူးများအား စစ်ဆေးခြင်း၊ ရေသိုလှောင်ထားရှိသည့် ကန်များ၊ မီးချိတ်၊ မီးကပ်၊ သဲပုံးများထားရှိခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အလေးထားဆောင်ရွက်ရန်၊ ကျောင်းလုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ကြရန်တို့ကို စစ်ဆေးခြင်းနှင့် အကြံပြု ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ကျော်ကျော်(ပြန်/ဆက်)